Wednesday, July 25, 2018

ကဗျာ

လရောင်ထဲ ထွေးထုတ်လိုက်တဲ့ ပန်းရိုင်းတစ်ပွင့်ရဲ့ ပဲ့တင်သံ နာကျင်မှု့ဟာ ရေမွှေးနဲ့သင်းတယ်
______________________________________

တရားသဖြင့်ဆိုတာကို ကိုယ်ခန္ဓာ မှာ ရှာတဲ့ အခါ
သိစိတ်ကနေ မသိစိတ်အထိ ပြတ်ရှရာတွေ။
ဘယ်တော့မှမခွဲဘူးဆိုတဲ့ စကားတွေထဲပဲ ။
ငါတို့ တောင်ဝန်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်အထိ။ နီးခဲ့ပါတယ်။

နွမ်းပါးတဲ့ဘဝထဲ ဘယ်သူများ ဒုက္ခတွေကို လာခံစားနိုင်မှာလဲ။
အချစ်ဆိုတာ တဲအိမ်လေးထဲကို ဘယ်တော့မှ ခိုဝင်မှာ မဟုတ်ဘူး။
မျှော်လင့်သလိုဖြစ်မလာတဲ့နေ့တွေထဲမှာ ရှင်သန်တယ်။

ချစ်ခြင်းမေတ္တာတစ်ခုပဲရှိတဲ့အတွက် ရှုံးနိမ့်ခဲ့ရ။
မနက်ဖြန်ပေါင်းများစွာ။ သေချာစွာဝေးနေရ။
မဝေးခဲ့ပါဘူးစကားလုံးတွေရဲ့။
အသံ။အဓိပ္ပါယ်တစ်ခုခုစီ။အရာအားလုံးနီးနီး။ဥပေက္ခာပြုလို့ ။ငြိမ်သက်။

စိတ်ကူးထဲမှာ။ အိပ်မက်ထဲမှာ။ ပုံပြင်တွေထဲမှာ။တကယ်မရှိတော့။
ဆန္ဒတွေကို သူစိမ်းဆန်လိုက်ယုံပါပဲ။
ဘာမှမရှိတာတွေသာ ငါ့မှာရှိနေတယ်။
ရှင်သန်းခြင်းမှာ အလွမ်းအစအန အနာစက်တွေပွစိထိုးနေပေါ့။ကယ်သူမဲ့။

သိမ်ငယ်စွာ အကြုံးဝင်ရတဲ့။ ပါတ်သတ်မှုနဲ့။ မတရားဘူးထင်တာတွေ တရားနဲ့ ဖော့ကြည့်ရပါတယ်။ အောင်မြင်ကျော်ကြားတဲ့သူ ဖြစ်ချင်တယ်။(အချစ်ဟာ စောက်ထင်ကြီးခြင်းနဲ့ စ တယ် ဆိုခဲ့ရင်)။

တရားမရသေးတော့စိတ်ပြေလက်ပျောက် အလွမ်းတွေကိုအလှပြင်ပေးထားရပါတယ်။
သူမရဲ့ဗျာဒိတ်တော်အတိုင်း။
နှလုံးသားတစ်စုံဟာတဆက်ဆက်နဲ့ရုန်းရင်းကန်းရင်းရွေ့နေရပါတယ်။ဝေးရာမှ ဝေးရာဆီသို့။

ညဟာ နီယွန်မီးရောင်အောက်မှာ မှောင်လို့။
ဝရံတာမှာ ငါရှိတယ်။
ဝရံတာမှာ ငါရှိနေပါတယ်။
ငါရှိနေတယ် ဝရံတာအပေါ်။
ငါရှိနေပါတယ် ဝရံတာ အပေါ်မှာ။
လမင်းကတော့ တဖြည်းဖြည်း။ အနောက်ကို တရွေ့ရွေ့။

ငါရှိနေတယ်။
ငါရှိနေတယ် ။
ငါရှိနေသေးပါတယ် ၊
အဝေးကြီးပြေးထွက်သွားတဲ့ ငါ့စိတ်ကို ငါမြင်တယ်။ဒါ့ကြောင့် ငါရှိနေတယ်။

ငါ့ကိုယ်ငါ့ မယုံကြည်တော့လို့။ ဘယ်သူကိုမှ။ ထပ်ယုံကြည်လို့မရတော့ဘူး။
တစ်ယောက်ယောက်ကိုသတိရနေပါလျှက် ။
ပြောစရာ စကားလုံးတွေပျောက်ဆုံးနေတဲ့အခါ။
သင်္ခန်းစာဆိုတာ။ ကိုယ်ယုံကြည်တဲ့အရာကို။ သံသယများများကြည့်ဖို့ပဲ။
အချစ်ကိုယုံကြည်လို့။ ဘဝကန်းသွားတဲ့သူတွေဘယ်လောက်များခဲ့ပြီလဲ(ချစ်တယ်။စောက်အရေးပဲ )

မရိုးသားခြင်းဟာ .......
သတ်သေပြဖို့ ကြိုးစားတယ် စကားလုံးသက်သက်ပဲ ။
ခေါင်ရမ်းပန်းတွေ
စိတ်လိုလက်ရအနှေးပွင့်ရတာပဲ။
သောက်ရေခွက်ထဲ ရေဖြည့်တယ် ရေခွက်ဟာ ရေရဲ့ပုံသဏ္ဍာန်ပဲ။

အချိန်မှန်ပြီး နေရာမှားသွားတဲ့ နှုတ်ခမ်းတွေက ချစ်တယ်ပဲ ပြောပြောနေတော့။
ချစ်တယ်ဆိုတာ ဒုက္ခပဲဖြစ်မယ်။
ချစ်တယ်ဆိုတာ။ တကယ်တော့လည်း အန္တရာယ်နဲ့ ကစားဖို့။ ခလုတ်နှိပ်လိုက်တာပဲဖြစ်မယ်။
အံသြရပါတယ်။

အချစ်ဆိုတာ။လိမ်နည်းတမျိုး။
အချစ်ဆိုတာ။ ယုတ္တိမရှိတဲ့။ အမှန်တရားမျိုး။
ချစ်တယ်ဆိုတာ။ ခန္ဒီးငါးပါးကျင့်ရသလိုမျိုး။
စာကားလုံးအဖြစ်နဲ့။
စာသားအဖြစ်နဲ့ ။
စီလိုက်တဲ့ လိုင်းတွေ ။
ဘာအဓိပ္ပါယ်မှ မရှိစွာ။ စာပိုဒ်တစ်ခုအဖြစ်သွတ်သွင်းထားရုံပဲ။

ရည်ရွယ်ပြီး တမင်ရေးထားတယ်လို့ စွပ်စွဲခြင်းမပြုပါနဲ့။
အဓိပ္ပါယ်ဟာ(ချစ်တယ်) ကြားနာသူရဲ့ဖွင့်လှစ်မှုသာဖြစ်တယ်။
နာကြည်းခြင်းဟာ စာသားတစ်ခုမဟုတ်
ကြည်နူးခြင်းဟာ စာသားတစ်ခုမဟုတ်
ဝေးကွားခြင်း။ နီးကပ်ခြင်း။အချစ်။ အမုန်း။ သံသယ၊အရာအားလုံးဟာ။ စာသားမဟုတ်။

ဟုတ်တယ်ထင်ယောင်မှုထဲမှာ။ တည်ဆောက်လိုက်တဲ့ ။ဘောင်။ စံနှုန်း ။ပေတံ ။တစ်ခုခုပဲ။
တကယ်တော့ဆက်သွယ်ခြင်းမှာ။ ဘယ်အရာမှ။ တရားသေသတ်မှတ်ထားခြင်း။မရှိ။
တဖျပ်ဖျပ်ပြောင်းလဲသွားသော။ အာရုံခံစာမှုတစ်ခုသာ။

ပိုမို ခြောက်ကပ်နေလိမ့်ဦးမှာပဲ။ဘဝနေ့ထဲ ။ပန်းမပွင့်ဘူး
စိုက်ပျိုးခဲ့သမျှ ။အကုန်ကြွေ။
ငါ့ရဲ့စောက်ဆန်းနေ့တွေပေါ့ ။
ဆံစကနေ ခြေဖျားအထိ ငါ့မှာ။ ကျိုးကြေခဲ့ရ။အရသာပဲ ။ ငါရင့်မှည့်လာတယ်။ အမှန်တရားတစ်ခုနဲ့ ဖောက်ပြန်မှုတစ်ခုရယ်။ငါဟာကာလဆိုးကြီးပဲ ဖြစ်တယ် ။

လင်းဆက်ဝေ


Saturday, July 11, 2015

shortket keys

short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှုံ့ပြီး လိုတဲ့ နေရာ ရောက်အောင် သွားနိုင်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။
အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။

ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့် ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ’start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။ ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး shortcuts key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။

Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။

Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။

Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။

Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။

Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။

Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။

F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။

Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။

Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။

ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။

Windows program key combination

Ctrl + C - မိတ္တူ ပွားပေး ပါမယ်။

Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။

Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။

Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။

Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။

Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။

Mouse/ Keyboard Modifier

Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။

ှShift + Left Click (နှစ်ချက်)

Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။

General Keyboard

F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။

Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။

Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။

Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။

Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။

Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။

Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။

Alt + hypen - Multiple Doc**ent Interface ကို ပြသ ပေးတယ်။

Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။

Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။

Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။

Selected objects & shell objects

F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။

F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။

Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။

Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။

F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။

General folder/shortcut control

F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။

F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။

Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။

Windows explorer အတွင်း

*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။

+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။

-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Properties control

Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)

Accessibliity Short-cuts
  Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။

ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။

‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။

Keyboard Keys

Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။

Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။

Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။

Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။

Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။

Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။

Dialog box command

Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။

Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။

Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။

Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။

Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။

credit - http://saunghninchitthu.blogspot.com
pyae phyo Hein at 2:16 AM

=================================

အကိုတစ်ယောက်ဆီက copy ကူးလာတာပါ
http://ringopantanaw.blogspot.com
ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်

Sunday, December 21, 2014

facebook/blog/page/group တို့ကို app လုပ်မယ်

မဂ်လာပါ သရင်းတို့
post မတင်ဖြစ်တာလည်း ကြာပြီနော်
ကျနော်ကအလုပ်ကခတ်ရှုပ်ရှုပ်
ဘာတွေရှုပ် မှန်းမသိပဲရှုပ်နေတာပေါ့နော်
ဒီတခါ ကျနော့သရင်းတွေကို
facebook/blog/page /group စတာတွေကို ကိုယ်ပိုင် app လေးနဲ့သုံးလို့ရမဲ့နည်းလေးပေးပါ့မယ်
တော်တော်မျာများကတော့ လုပ်တက်နေပါပြီ
မလုပ်တက်သေးသူတွေအတွက်ပေါ့
ကိုယ်ကြိုက်တဲ့ blog/page /group စတာတွေကို
app တစ်ခုဆီနဲ့ သုံးနိုင်ပါတယ်
facebook လိုဟာမျိုးဆိုရင် browser/PC ကြိုက်သလို လွယ်လွယ်သုံးနိုင်မှာပါ
(facebook ကို browser/PC လိုသုံးမှလုပ်လို့ရမဲ့အရာတွေရှိပါတယ် ဥပမာ post တွေကို copy
လုပ်နိုင်ပါတယ်)
လိုအပ်တဲ့ app တွေပေးထားပါတယ်
လုပ်နည်းတွေလည်း pdf လုပ်ပြထားပါတယ်
icon URL ယူနည်းမှာ မထဲ့လည်းရပါတယ်
ကျနော်ကတော့ အလုပ်ရှုပ်ခံပြီးထဲ့ပြထားပါတယ်
နောက်လုပ်တက်သွားအောင်ပါ

ဒါက APK CREATOR app ပါ
https://www.dropbox.com/s/eqvo8dh34ug0xk4/%E1%80%9C%E1%80%84%E1%80%B7%E1%80%B9%E1%80%B1%E1%80%90%E1%80%BCapk%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%281%29.apk?dl=0

ဒါက Pics Art app ပါ
https://www.dropbox.com/s/b0jsws5g88t24c1/picsart.-1.apk?dl=0

ဒါက Color Note ပါ
https://www.dropbox.com/s/idka584bt2xkp8w/color.note-1.apk?dl=0

ဒါကတော့အသုံးပြုနည်း pdf ပါ
https://www.dropbox.com/s/vyk1rs81nmgn10o/icon%20photo%20%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8.pdf?dl=0

အစဉ်ပြေပါစေဗျာ
ကျနော်တို့ ပန်းတနော်နည်းပညာ group ကတဖြည်းဖြည်းလူများလာပြီဗျ စည်စည်ကားကားလေးဖြစ်လာပါပြီ
ကူညီကြတဲ့ နည်းပညာညီအကိုအားလုံးကို ကျေးဇူးပါဗျာ

ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်
http://ringopantanaw.blogspot.com

Tuesday, December 16, 2014

မဂ်လာပါ

ဟိုရက်က app
လေးတစ်ခုလိုချင်တာ playstore မှာလည်းမရ
ဟိုရှာဒီရှာ ဘယ်မှာမှမတွေ့ဘူး
လက်မလျော့ဘူးဗျာ ရှာတုန်းပဲ
အဲ့မှာ app လေးတစ်ခုသွားတွေ့တယ်
သရင်းတော်တော်များများမှာတော့ ရှိကြမှာပါ
ကျနော်တော့ ခုမှတွေ့လို့ တင်လိုက်တာပါ
Aptoide app လေးပါ
playstore မှာမရတဲ့ app မျိုးစုံကိုအဲ့မှာရှာကြည့်ဗျာ
ဒီကောင်လေးရဲ့အားသာချက်က သူ့မှာရှိတဲ့ app တွေကို
facebook/Viber/Dropbox အပြင်အခြားအခြားသောနေရာတွေမှာပါ share လို့ရတယ်ဗျာ
colornote လေးရှိရုံနဲ့ app မျိုးစုံကို link ချပေးလို့ရတယ်ဗျာတခါတည်း down လည်းရတယ်ဗျာ
Dropbox မှာ upload လို့လည်းရတယ်ဗျာ
ကိုယ်တိုင် link ချပေးချင်တဲ့ သရင်တွေ အတွက် အစဉ်ပြေပါပြီ
လုပ်ရတာလွယ်ပါတယ်
pdf လုပ်ပြီးမရှင်းပြတော့ဘူး
ပုံလေးတွေသာကြည့်တော့

ဒါက Aptoide app
http://milaupv.store.aptoide.com/app/market/cm.aptoide.pt/450/7926294/Aptoide

ဒါက colornote ပါ
https://www.dropbox.com/s/idka584bt2xkp8w/color.note-1.apk?dl=0

အစဉ်ပြေပါစေဗျာ
ကျနော်တို့ ပန်းတနော်နည်းပညာ group ကတဖြည်းဖြည်းလူများလာပြီဗျ စည်စည်ကားကားလေးဖြစ်လာပါပြီ
ကူညီကြတဲ့ နည်းပညာညီအကိုအားလုံးကို ကျေးဇူးပါဗျာ

ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်

Sunday, December 14, 2014

google အကြောင်း

နည်းပညာနဲ့ပတ်သက်ပြီး
အသုံးတဲ့တာလေး ကောင်းတာလေးတွေ့
ရင် ကျနော်မနေနိုင်ဘူး
တအားမျှဝေချင်တာပဲ
ကျနော့နဲ့ပေါင်းနေတဲ့သရင်းတွေဆို
မလိုချင်လည်းယူ လိုချင်လည်းယူ
အတင်းပေးတာပဲ
အမေးအမြန်းလည်းထူသေး
ဆန်းကြီးတို့ ပိုင်စိုးတို့ဆို သိပ်တောင်မလာတော့ဘူး
အရမ်းကူညီချင်တယ်ဆိုတာကို ကြွားပြောတာပါ ဟဲဟဲဟဲ
အာ့ကြောင့်မို့လားမသိဘူး
ကျနော်လိုချင်တာဆို အရမြန်တယ်
ဒီတခါလည်း
စာအုပ်သေးသေးလေးပေးပါမယ်
kb လောက်လေးပဲရှိတယ်
နေ့စဉ် internet နဲ့ထိတွေ့နေတဲ့သူတွေ
နည်းပညာရှာဖွေနေတဲ့ သူတွေ အားလုံးအားလုံး google အကြောင်းလေးတော့ သိထားမှဖြစ်မယ်
google လျှို့ဝှက်ချက်
ဆိုတဲ့pdf လေးပါ
တကယ်အသုံးဝင်တဲ့ google ကို
အကျိုးရှိရှိသုံးနည်းလေးတွေပါ
၁၀ မျက်နှာပဲရှိပါတယ်
လိုအပ်တယ်ဆိုရင်
https://www.dropbox.com/s/84erb6ygqupb4uz/google%20%E1%81%8F%E1%80%9C%E1%80%BA%E1%80%BD%E1%80%AD%E1%80%B3%E1%82%95%E1%80%9D%E1%80%BD%E1%80%80%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.pdf?dl=0

အစဉ်ပြေပါစေဗျာ
ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်

ပန်းတနော်နည်းပညာ group

Friday, December 12, 2014

Sound Cloud နဲ့ facebook ပေါ် mp3 တင်နည်း

မဂ်လာပါသရင်းတို့
မအားတာတွေများနေတော့ တောင်းပန်ရတာလည်းများပါပြီ
gp ကသရင်းတွေကိုလည်း တာဝန်မကြေသလိုခံစားရပါတယ်
C-box ကသရင်းတွေလည်း
စာအားလုံးကိုကျနော်ဖက်ပြီးပါပြီ
ပြန်ဖြေနိုင်အောင်လည်းကြိုးစားပေးပါ့မယ် ok

ဒီတခါတော့ facebook ပေါ်ကို mp3 တင်နည်းလေးပေးပါမယ်
လေ့လာမိသလောက်လေးကိုမျှဝေတာပါ
မှားနေရင်တော့ ခွင့်လွှတ်ကြပေါ့ သိတဲ့ဆရာများကလည်း
ဝင်ရောက်ပြီး အကြံပေးစေလိုပါတယ်
ကျနော်တို့နည်းပညာ ညီအကိုတွေ ချစ်ချစ်ခင်ခင်ပေါ့

လိုအပ်တဲ့ app လေးနဲ့ လုပ်နည်း Pdf လေးပေးထားပါတယ်

ဒါက Sound Cloud app
https://www.dropbox.com/s/ryqdecag6mrbltr/soundcloud.android-1.apk?dl=0

ဒါက mp3 တင်နည်း pdf
https://www.dropbox.com/s/dn7l4e1a8gud7og/fb%20%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%20mp3%20%E1%80%90%E1%80%84%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8.pdf?dl=0

ကျနော်တို့ ပန်းတနော် နည်းပညာ group လေးကိုလည်း
အားပေးကြပါဦး
gp မှာက ဖြေပေးမဲ့သူနည်းနေသေးလို့ပါ

ဒါက ပန်းတနော် နည်းပညာ group
https://m.facebook.com/groups/325337524316341/

ဒီ post ကိုလည်းအသားကုန် share နိုင်ပါတယ်
အားမနာပါးမနာပေါ့ ဒါမှ အားလုံးသိမှာနော့

http://ringopantanaw.blogspot.com

ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်

Sunday, December 7, 2014

page&blog ကိုapp လုပ်မယ်

မဂ်လာပါ သရင်းတို့
ဒီရက်ထဲဘာမှတောင်မတင်ဖြစ်ဘူး
အပြင်အလုပ်တွေမအားတာပါ
ဒီတခါကျနော့သရင်းတွေကို
အလုပ်နဲနဲရှုပ်ခိုင်းလိုက်ဦးမယ်
သရင်းတို့ဖွင့်ထားတဲ့
page တွေ blog တွေကို
app လေးလုပ်ပြီး လန်းနိုင်အောင်လို့ပါ

ရှာရလွယ်အောင်
page ဖွင့်နည်း
blog app ကိုသုံးပြီး blog ဖွင့်နည်း
ဖွင့်ထားတဲ့ page
blog ကို web2app သုံးပြီး app လုပ်နည်း
အားလုံးတင်ထားပါတယ်
ရှိပြီးသားဆိုလည်း လိုတာဒေါင်းပေါ့

ဒါက page ဖွင့်နည်းpdf
https://www.dropbox.com/s/hvof4rcbv0o6psd/page%20%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E2%80%8B%E1%80%B7%E1%80%94%E1%80%8A%E1%80%B9%E2%80%8B%E1%80%B8.pdf?dl=0

ဒါက blog appနဲ့ blog ဖွင့်နည်းapp
https://www.dropbox.com/s/d0rd40c79bo09qb/blog%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%82%E1%80%AD%E1%80%AF.apk?dl=0

ဒါက web2app နဲ့appလုပ်နည်းpdf
ကျနော်ကpageကိုလုပ်ပြထားပါတယ်
blog ကိုလုပ်မယ်ဆိုလည်း
page URL နေရာမှာ blog URL ထဲ့ပါ
https://www.dropbox.com/s/e8t9xmz5zgv662q/web2app%20page%26blog%20app%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%82%E1%80%AD%E1%80%AF.pdf?dl=0

ဒါက blog app
https://www.dropbox.com/s/ut9wqqshartygd7/blog%20apk?dl=0

ဒါက web2app app
https://www.dropbox.com/s/0m38qysvexwh3f0/Web2App.apk?dl=0

ဒါက ကျနော်လုပ်ပြထားတဲ့ page app
ဒီနေရာမှာတစ်ခုပြောချင်ပါတယ်
page ကို app လုပ်ဖို့ pageURL ကို
ကျနော့ညီလေးတွေစုပြီးလုပ်ထားတဲ့
Modern post poems  ဆိုတဲ့ကဗျာ page လေးကနေယူသုံးထားပါတယ်
Modern post poems  ကညီလေးတွေကို ဒီကနေပဲခွင့်တောင်းပါတယ်
ဒါက poems appပါ
https://www.dropbox.com/s/oow9dhr71fu7rzg/modern.poem66-1.apk?dl=0

နောက်ရက်မှgroup ကိုappလုပ်တာ
တင်ပေးပါ့မယ်
ဒါလေးကတော့ကျနော်တို့ရဲ့
ပန်းတနော် နည်းပညာ group ပါ
မဖြစ်မနေကြော်ငြာတာပါ ဟဲဟဲဟဲ
https://www.facebook.com/groups/325337524316341/edit/

လာရောက်ပြီး
နည်းပညာလိုလားကြတဲ့သရင်းတွေကို
ကျနော်နဲ့ အတူကူညီကြဖို့ဖိတ်ပါတယ်ဗျာ
ကူညီဖြေရှင်းပေးနေကြတဲ့ ညီလေးတွေကိုလည်း ကျေးဇူးပါလို့

http://ringopantanaw.blogspot.com

ရင်ဂို
ရိုးရာကွမ်း
ပန်းတနော်